Microbit (မိုက်ခရို ဘစ်) မှာ ဘာတွေပါလဲ?

၁) Lights – အချက်ပြ LED မီလုံးငယ် ၂၅ လုံး ၅x၅ ဇယားကွက်ဖွဲ့စည်းထားသော LED မီးလုံးများအား အဖွင့်/အပိတ် အရောင်သတ်မှတ်ပြီး ထိန်းချုပ်မှုများ ပြုလုပ်နိုင်ပါသည်။ ၂) Buttons – ခလုတ်ငယ် ၂ ခု (A and B) ခလုတ် A နှင့် B တွင် လုပ်ဆောင်မှုများ သတ်မှတ်နိုင်ပါသည် ဥပမာ ခလုတ် A ကို သင့်လုပ်ငန်းကို စတင်ရန် အချက်ပြအနေဖြင့် သတ်မှတ်ပြီး ခလုတ် B ကို သင့်လုပ်ငန်းကို ရပ်တန့်ရန်သော်လည်းကောင်း၊ တခြားလုပ်ငန်းအခြေအနေတခု ပြောင်းလဲရန်သော်လည်းကောင်း သတ်မှတ်ထားနိုင်သည်။ ၃) Compass – သံလိုက်အိမ်မြောင် ဦးတည်ရွေ့လျားရာကို ခံစားသိနိုင်စေရန် မိုက်ခရိုဘစ်လေးများတွင် သံလိုက်အိမ်မြောင်ကို ထည့်သွင်းထားပါသည်။ ၄) Accelerometer – မြန်နှုန်းတိုင်း ကိရိယာ မြန်နှုန်းအနည်း အများပေါ်မူတည်ပြီး တီထွင်ဖန်တီးမှုများပြုလုပ်နိုင်ပါသည်။ ၅) Pins – ပင်န် များ (P0, P1 & P2) ပြင်ပအာရုံခံကိရိယာများနှင့် input/output ...
Read More

Micro:bit (မိုက်ခရို ဘစ်) နဲ့ ဘာတွေလုပ်နိုင်မလဲ?

အလျား ၄ စင်တီမီတာ၊ အနံ ၅ စင်တီမီတာ ရှိသော မိုက်ခရို ဘစ်တ်လေးဖြင့် ထိန်းချုပ်ကိရိယာမျိုးစုံမှသည် စက်ရုံငယ်များအထိ တီထွင်နိုင်ပါတယ်။ တီထွင်ဖန်တီးနိုင်စွမ်းရှိသလောက် တီထွင်ဖန်တီးနိုင်စေသည်။ မိုက်ခရို ဘစ်သည် ဦးတည်ရွေ့လျားမှုကိုလည်း ခံစားသိရှိနိုင်သဖြင့် ထိန်းချုပ်ကိရိယာများလည်း တီထွင်နိုင်ပါသည်။ မိုဘိုင်းဖုန်းများ၊ bluetooth ချိတ်ဆက်မှု ၊ အင်တာနက် ချိတ်ဆက်မှုများဖြင့်လည်း တီထွင် စမ်းသပ်နိုင်သည်။ ...
Read More

Microbit (မိုက်ခရို ဘစ်) ဆိုတာ ဘာလဲ?

Micro:bit သည် ကလေးများ၏ ဖန်တီးနိုင်စွမ်း တွေးခေါ်နိုင်စွမ်းကို အကောင်းဆုံးမြှင့်တင်ပေးနိုင်ရန် များစွာအထောက်အကူပြုသည်။ ကလေးများ ပရိုဂရမ်ရေးနည်းကို ပိုမိုလွယ်ကူမြန်ဆန်စွာ သင်ယူစေနိုင်သည့် မီနီ ဘုတ်ပြားလေး တခု ဖြစ်သည်။ Micro:bit ကို Samsung, Microsoft နှင့် ARM စသည့် နည်းပညာ ကုမ္ပဏီများအပြင် BBC တို့ပါဝင်သော Micro:bit ပညာရေးဆိုင်ရာ ဖောင်ဒေးရှင်းကို ဖွဲ့စည်း၍ ဖန်တီးခဲ့ခြင်း ဖြစ်သည်။  ...
Read More