ဘာတွေ သိထားရမလဲ?

အခြေခံဗဟုသုတရှိရန် မလိုပါ။

ဘယ်အရွယ်မှာ လေ့လာနိုင်သလဲ?

အသက် ၄နှစ်မှ ၆ နှစ် အရွယ် ကလေးများအတွက် အထူးပြုသင်ကြားပေးသည့် သင်ရိုးဖြစ်ပါသည်။

ဘာတွေ သင်ကြားပေးသလဲ?

Scratch application ဖြင့် လေ့ကျင့်သင်ကြားပေးပါသည်။

Scratch ဖြင့် ကလေးများ၏ စိတ်ကူးထဲတွင်ရှိသော အကောင်လေးများ၊ ပုံပြင်ရုပ်စုံများ၊ ဂိမ်းနှင့် ဂီတအနုပညာ အားလုံးကို ဖော်ထုတ်ဖန်တီးနိုင်ပါသည်။ ကလေးများ၏ ဖန်တီးနိုင်စွမ်းသာမက သင်္ချာညဏ်ရည်နှင့် စပ်ဆက်တွေးခေါ်နိုင်စွမ်းများ ဖွံဖြိုးလာစေရန် များစွာ အထောက်အကူပြုပါသည်။ကလေးများအား ကိုယ်တိုင်ပိုမိုကြိုးစားအားထုတ်လာချင်စိတ်နှင့်အတူ တွေးခေါ်ဖန်တီးမှုများတွင် ပျော်မွေ့လာစေပါသည်။

ဘယ်လိုလေ့ကျင့်သင်ကြားပေးသလဲ?

ကလေးများ မိမိကိုယ်ကို ယုံကြည့်မှုရကာ လုပ်ဆောင်ချက်တိုင်းကို စိတ်ပါဝင်စားမှုရှိလာစေရန် အခြေခံ အဆင့်ဆင့်ဖြင့် လေ့ကျင့်သင်ကြားပေးပါသည်။ ကလေးများ ကိုယ်တိုင်ဖန်တီးမှုများပြုလုပ်နိုင်မည်ဖြစ်ပါသည်။