ဘာတွေ သိထားရမလဲ?

Kids Code Senior တက်ရောက်ပြီးသော Microbit ဗဟုသုတရှိပြီးသော ကလေးများအတွက် ပိုမိုလွယ်ကူစေပါသည်။ အခြေခံ ဗဟုသုတမရှိသေးသော ကလေးများအတွက် သီးသန့်တန်းတွင် တက်ရောက်နိုင်ပါသည်။

ဘယ်အရွယ်မှာ လေ့လာနိုင်သလဲ?

အသက် ၉နှစ်မှ ၁၂ နှစ် အရွယ် ကလေးများအတွက် အထူးပြုသင်ကြားပေးသည့် သင်ရိုးဖြစ်ပါသည်။

ဘာတွေ သင်ကြားပေးသလဲ?

Micro:bit Editor ဖြင့် လေ့ကျင့်သင်ကြားပေးပါသည်။ Micro:bit Editor သည် Micro:bit ၏ လုပ်ဆောင်ချက်များကို ထိန်းချုပ်ညွှန်ကြားနိုင်သည်။
Micro:bit သည် ကလေးများ၏ ဖန်တီးနိုင်စွမ်း တွေးခေါ်နိုင်စွမ်းကို အကောင်းဆုံးမြှင့်တင်ပေးနိုင်ရန် များစွာအထောက်အကူပြုသည်။ ကလေးများ ပရိုဂရမ်ရေးနည်းကို ပိုမိုလွယ်ကူမြန်ဆန်စွာ သင်ယူစေနိုင်သည့် မီနီ ဘုတ်ပြားလေး တခု ဖြစ်သည်။
Microbit နှင့် အခြားပစ္စည်းများ တွဲဆက်ကာ အလိုအလျောက် အပင်ရေလောင်းသည့် စနစ်၊ အဝေးထိန်းချုပ်မှုစနစ်များ စသည့် ဒီဇိုင်းအမျိုးမျိုး ဖန်တီးနိုင်မည် ဖြစ်သည်။

ဘယ်လိုလေ့ကျင့်သင်ကြားပေးသလဲ?
  • အလိုအလျောက် အပင်ရေလောင်းသည့် စနစ်၊ အဝေးထိန်းချုပ်မှုစနစ် နှင့် အခြား စိတ်ဝင်စားဖွယ် ဒီဇိုင်းများကို ဖန်တီးနိုင်ရန် လေ့ကျင့်သင်ကြားပေးပါသည်။
  • ကလေးများအချင်းချင်း ပူးပေါင်း လုပ်ဆောင်တတ်စေရန် လေ့ကျင့်သင်ကြားပေးပါသည်။
  • ကလေးများ၏ ကိုယ်ပိုင်အတွေးများအလိုက် ဒီဇိုင်းများပြုလုပ်နိုင်ရန် သင်ကြားပေးပါသည်။
  • ကလေးများအား ကိုယ်တိုင်ပိုမိုကြိုးစားအားထုတ်လာချင်စိတ်နှင့်အတူ တွေးခေါ်ဖန်တီးမှုများတွင် ပျော်မွေ့လာစေရန် လေ့ကျင့် သင်ကြားပေးပါသည်။