၁) Lights – အချက်ပြ LED မီလုံးငယ် ၂၅ လုံး ၅x၅ ဇယားကွက်ဖွဲ့စည်းထားသော LED မီးလုံးများအား အဖွင့်/အပိတ် အရောင်သတ်မှတ်ပြီး ထိန်းချုပ်မှုများ ပြုလုပ်နိုင်ပါသည်။ ၂) Buttons – ခလုတ်ငယ် ၂ ခု (A and B) ခလုတ် A နှင့် B တွင် လုပ်ဆောင်မှုများ သတ်မှတ်နိုင်ပါသည် ဥပမာ ခလုတ် A ကိုRead More…
Micro:bit (မိုက်ခရို ဘစ်) နဲ့ ဘာတွေလုပ်နိုင်မလဲ?
အလျား ၄ စင်တီမီတာ၊ အနံ ၅ စင်တီမီတာ ရှိသော မိုက်ခရို ဘစ်တ်လေးဖြင့် ထိန်းချုပ်ကိရိယာမျိုးစုံမှသည် စက်ရုံငယ်များအထိ တီထွင်နိုင်ပါတယ်။ တီထွင်ဖန်တီးနိုင်စွမ်းရှိသလောက် တီထွင်ဖန်တီးနိုင်စေသည်။ မိုက်ခရို ဘစ်သည် ဦးတည်ရွေ့လျားမှုကိုလည်း ခံစားသိရှိနိုင်သဖြင့် ထိန်းချုပ်ကိရိယာများလည်း တီထွင်နိုင်ပါသည်။ မိုဘိုင်းဖုန်းများ၊ bluetooth ချိတ်ဆက်မှု ၊ အင်တာနက် ချိတ်ဆက်မှုများဖြင့်လည်း တီထွင် စမ်းသပ်နိုင်သည်။
Microbit (မိုက်ခရို ဘစ်) ဆိုတာ ဘာလဲ?
Micro:bit သည် ကလေးများ၏ ဖန်တီးနိုင်စွမ်း တွေးခေါ်နိုင်စွမ်းကို အကောင်းဆုံးမြှင့်တင်ပေးနိုင်ရန် များစွာအထောက်အကူပြုသည်။ ကလေးများ ပရိုဂရမ်ရေးနည်းကို ပိုမိုလွယ်ကူမြန်ဆန်စွာ သင်ယူစေနိုင်သည့် မီနီ ဘုတ်ပြားလေး တခု ဖြစ်သည်။ Micro:bit ကို Samsung, Microsoft နှင့် ARM စသည့် နည်းပညာ ကုမ္ပဏီများအပြင် BBC တို့ပါဝင်သော Micro:bit ပညာရေးဆိုင်ရာ ဖောင်ဒေးရှင်းကို ဖွဲ့စည်း၍ ဖန်တီးခဲ့ခြင်း ဖြစ်သည်။
SCRATCH – စခရက်ရှ် ဆိုသည်မှာ
ကလေးတွေရဲ့ စိတ်ကူးထဲမှာရှိတဲ့ အကောင်လေးတွေ၊ ပုံပြင်ရုပ်စုံလေးတွေ၊ ဂိမ်းနဲ့ ဂီတအနုပညာ အားလုံးကို ဖော်ထုတ်ဖန်တီးနိုင်တဲ့ ပရိုဂရမ်လေးတခုပါ။ Scratch အသုံးပြုရန် Scratch Offline Editor ကို install လုပ်ရပါမယ်။
ပရိုဂရမ်ရေးခြင်းကို ဘယ်အရွယ်မှာ စတင်လေ့လာသင့်သလဲ?
မူကြိုအရွယ် အသက် ၄ နှစ်ခန့်မှ စတင်လေ့လာနိုင်ပါသည်။ ကလေးများနှင့် သင့်တော်သော နည်းပညာများဖြင့် ကလေးများ နားလည်နိုင်သောအခြေခံ ပရိုဂရမ်သဘောတရားများကို စတင်သင်ကြားနိုင်ပါသည်။ ပရိုဂရမ်ရေးနည်းအား လေ့လာစေခြင်းဖြင့် ကလေးများ၏ စဉ်းစားတွေးခေါ်တီထွင်နိုင်စွမ်းကို များစွာမြှင့်တင်ပေးနိုင်ပါသည်။ အနောက်နိုင်ငံများတွင် ကလေးများအား ပရိုဂရမ်ရေးနည်း သင်ကြားစေပြီး သုတေသနပြုလုပ်ခဲ့ကြရာ အောက်ဖော်ပြပါ အကျိုးကျေးဇူးများ လေ့လာတွေ့ရှိကြပါသည်။ ၁) အကျိုးအကြောင်းမှန်ကန်စွာ စဉ်းစားတွေးခေါ်နိုင်ခြင်း ပရိုဂရမ်များသည် သင်္ချာသဘောတရားနှင့် စဉ်းစားတွေးခေါ်ခြင်းကို အချိုးကျကျပေါင်းစပ်ထားခြင်းဖြစ်ရွေ့Read More…