၁) Lights – အချက်ပြ LED မီလုံးငယ် ၂၅ လုံး
၅x၅ ဇယားကွက်ဖွဲ့စည်းထားသော LED မီးလုံးများအား အဖွင့်/အပိတ် အရောင်သတ်မှတ်ပြီး ထိန်းချုပ်မှုများ ပြုလုပ်နိုင်ပါသည်။

၂) Buttons – ခလုတ်ငယ် ၂ ခု (A and B)
ခလုတ် A နှင့် B တွင် လုပ်ဆောင်မှုများ သတ်မှတ်နိုင်ပါသည် ဥပမာ ခလုတ် A ကို သင့်လုပ်ငန်းကို စတင်ရန် အချက်ပြအနေဖြင့် သတ်မှတ်ပြီး ခလုတ် B ကို သင့်လုပ်ငန်းကို ရပ်တန့်ရန်သော်လည်းကောင်း၊ တခြားလုပ်ငန်းအခြေအနေတခု ပြောင်းလဲရန်သော်လည်းကောင်း သတ်မှတ်ထားနိုင်သည်။

၃) Compass – သံလိုက်အိမ်မြောင်
ဦးတည်ရွေ့လျားရာကို ခံစားသိနိုင်စေရန် မိုက်ခရိုဘစ်လေးများတွင် သံလိုက်အိမ်မြောင်ကို ထည့်သွင်းထားပါသည်။

၎) Accelerometer – မြန်နှုန်းတိုင်း ကိရိယာ
မြန်နှုန်းအနည်း အများပေါ်မူတည်ပြီး တီထွင်ဖန်တီးမှုများပြုလုပ်နိုင်ပါသည်။

၅) Pins – ပင်န် များ (P0, P1 & P2)
ပြင်ပအာရုံခံကိရိယာများနှင့် input/output ချိတ်ဆက်နိုင်ရန် P0, P1, P2 ဆိုသော Pin များပါရှိသည်။ သင့်လုပ်ငန်းသဘာဝပေါ်မူတည်ပြီး Pin များကို input (သို့) output အခြေအနေများ သတ်မှတ်ဖန်တီးနိုင်သည်။

၆) Pins – ပင်န် များ (3V & GND)
3V နှင့် GND ပင်န် ၂ ခုသည် ပါဝါချိတ်ဆက်ရန် ပင်န်များ ဖြစ်ပါသည်။ 3V ပင်န် သည် ပါဝါအ၀င် ဖြစ်ပြီး GND ပင်န်သည် Ground back port ဖြစ်သည်။

၇) Bluetooth – ဘလူးတုသ်
BLE ANTENNA (Bluetooth Low Energy Antenna)
မိုက်ခရို ဘစ် ဘုတ်ပြားငယ်၏ အနောက်ဘက်တွင် ‘BLE ANTENNA’ ဟူသော စာလုံးကို တွေ့မြင်နိုင်ပါ သည်။ ၄င်းသည် ဖုန်းနှင့် တပ်ဘလတ်များ အချင်းချင်း အပြန်အလှန် စာပို့စနစ်တည်ဆောက်နိုင်ရန်အတွက် ဖြစ်သည်။ အချက်အလက်များ ပေးပို့ရယူနိုင်သည်။

Bluetooth Low Energy ဆိုတာ?
Blutooth ကြိုးမဲ့ဆက်သွယ်မှုနည်းပညာသည် ပီစီများ၊ စမတ်ဖုန်းများနှင့် တပ်ဘလတ်များအချင်းချင်း ချိတ်ဆက်နိုင်စေသည်။

Bluetooth Low Energy သည် Blutooth ကြိုးမဲ့ဆက်သွယ်မှုနည်းပညာ၏ ဗားရှင်းတခုဖြစ်သည်။

IoT – Internet of Things
အင်တာနက်ဖြင့် အချင်းချင်းချိတ်ဆက်မှုများ ပြုလုပ်နိုင်သည်။ သင် ရောက်သည့်နေရာမှ သင့်အိမ်ရှိ ကွန်ပျူတာ၊ လုံခြုံရေး ကင်မရာ နှင့် အချက်ပေးစနစ် စသည်တို့အား ကြည့်ရှုထိန်းချုပ်နိုင်သည်

The BBC micro:bit device features Bluetooth Low Energy radio.
The radio on the device operates in the following frequencies:
Frequency Range: 2402MHz to 2480MHz
Bluetooth Version: V4.0 Bluetooth Low Energy

၈) Batteries – ပါဝါ သုံးစွဲမှု
မိုက်ခရိုဘစ်ကို သင်၏ ကွန်ပျူတာတွင် USB ဖြင့် ချိတ်ဆက်အသုံးပြုနေချိတ်ချိန်တွင် ပါဝါအရင်းအမြစ်မလိုအပ်သော်လည်း မိုက်ခရိုဘစ် သီးသန့်သုံးစွဲစမ်းသပ်မှုများတွင် ပါဝါအတွက် အေ သုံးလုံး ဓါတ်ခဲ (၂)လုံး လိုအပ်ပါသည်။