Micro:bit သည် ကလေးများ၏ ဖန်တီးနိုင်စွမ်း တွေးခေါ်နိုင်စွမ်းကို အကောင်းဆုံးမြှင့်တင်ပေးနိုင်ရန် များစွာအထောက်အကူပြုသည်။
ကလေးများ ပရိုဂရမ်ရေးနည်းကို ပိုမိုလွယ်ကူမြန်ဆန်စွာ သင်ယူစေနိုင်သည့် မီနီ ဘုတ်ပြားလေး တခု ဖြစ်သည်။

Micro:bit ကို Samsung, Microsoft နှင့် ARM စသည့် နည်းပညာ ကုမ္ပဏီများအပြင် BBC တို့ပါဝင်သော Micro:bit ပညာရေးဆိုင်ရာ ဖောင်ဒေးရှင်းကို ဖွဲ့စည်း၍ ဖန်တီးခဲ့ခြင်း ဖြစ်သည်။